Information
______________________
Alternative Titles | English C³ - CubexCursedxCurious Synonyms C3; C Cube; C^3 Japanese シーキューブ |
Type | TV |
Episodes | 12 |
Status | Finished Airing |
Aired | Oct 1, 2011 to Dec 17, 2011 |
Premiered | Fall 2011 |
Broadcast | Unknown |
Producers | Starchild Records |
Licensors | Funimation |
Studios | Silver Link. |
Source | Light novel |
Genres | Action, Comedy, Ecchi, School, Supernatural |
Duration | 24 min. per ep. |
Rating | R - 17+ (violence & profanity) |
(Review)
C³ ဟာ Light Novel အနေနဲ့အရင်ထွက်ရှိခဲ့ပြီး Hazuki Minase ကရေးသားခဲ့တာပဲဖြစ်ပါတယ်
Anime ဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ Shin Onuma ကရိုက်ကူးပေးထါးတာဖြစ်ပြီး Silver Link Studio ကနေမှဖန်တီးထားတာဖြစ်ပါတယ်
အပိုင်းအနေနဲ့တော့ 13 ပိုင်းရှိပြီးဇာတ်လမ်းပိုင်းနဲ့ပက်သက်လို့အနည်းငယ်ဝေဖန်မှုတွေတော့ရှိနေခဲ့တာဖြစ်ပါတယ်
C³ ဆိုတဲ့ Anime ဇာတ်လမ်းလေးကို Haruaki Yachi ဆိုတဲ့ကောင်လေးတစ်ယောက်အပေါ်အဓိကဇာတ်အိမ်တည်ထားတာဖြစ်ပြီး Yachi ဟာတစ်နေ့မှာတော့ပြည်ပရောက် ရှေးဟောင်းသုတေသနပညာရှင်ဖြစ်တဲ့သူ့အဖေဆီက အနက်ရောင် Cube တစ်ခုကိုရရှိခဲ့ပါတယ်
အဲ့ဒီညမှာပဲ Yachi ဟာမီးဖိုချောင်ထဲမှထူးဆန်းတဲ့အသံတစ်သံကြောင့်နိုးလာခဲ့ပြီးသွားကြည့်တဲ့အခါမှာတော့
အဝတ်အစားမပါဝစ်လစ်စလစ်နဲ့အပြာရောင်ဆံသားပိုင်ရှင်မိန်းကလေးတစ်ယောက် ဆန်မုန့်ကြွပ်တွေကိုခိုးစားနေတာတွေ့လိုက်ရပါတော့တယ်
ဆံပင်ပြာနဲ့မိန်းကလေးဟာသူ့ကိုယ်သူ "Fear"
( ဂျပန်လိုတော့ Fia ဟုခေါ်သည်) လို့ခေါ်ကြောင်းမိတ်ဆက်ခဲ့ပြီးYachi ဖခင်ပို့လိုက်တဲ့အနက်ရောင် Cube ဖြစ်ကြောင်းသိလိုက်ရပါတော့တယ်
အဲ့ဒီနောက်မှာတော့ Fia ဆိုတဲ့ကောင်မလေးဟာ ကျိန်စာသင့်ပစ္စည်းတစ်ခုဖြစ်နေပြီးအတိတ်တုန်းကလူသားတွေရဲ့မကောင်းတဲ့စိတ်ဆန္ဒတွေကိုဖြည့်ဆည်းရာမှာအသုံးပြုတဲ့အရာဝတ္ထုတစ်ခုဖြစ်ကြောင်းသိလာရပြီးနောက်မှာတော့ Yachi အနေနဲ့ဘာဆက်လုပ်မလဲ? ကျန်စာမိနေတဲ့ကောင်မလေးကိုပဲကယ်တင်မလား အသုံးချမလား?ရှေ့လျှောက်ဘယ်လိုအန္တရာယ်တွေရောပေါ်လာလိမ့်မလဲ ဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်
>>Download link<<
0 Comments