Sankarea Undying Love.S01 1080P BluRay


 

English: Sankarea: Undying Love
Japanese: さんかれあ

Information

Type: TV
Episodes: 12
Status: Finished Airing
Aired: Apr 6, 2012 to Jun 29, 2012
Premiered: Spring 2012
Broadcast: Fridays at 01:55 (JST)
Licensors: Funimation
Studios: Studio Deen
Source: Manga
Duration: 24 min. per ep.
Rating: R+ - Mild Nudity 
 
Review By Iceberg

Chihiro Furuya ဆိုတဲ့ကောင်လေးဟာ Zombie တွေကိုသိပ်သဘောကြပြီး ငယ်ငယ်တည်းက Zombie ကောင်မလေးလိုချင်ခဲ့တဲ့သူတစ်ယောက်ပါ။ တစ်နေ့ကြ သူ့ကြောင်လေးကားတိုက်ခံလိုက်ရတာကစပြီး သူ့သဘောကြရတဲ့ Zombie ကိစ္စတွေဟာ စတင်ပါတော့တယ်။ Chihiro တစ်ယောက် ကြောင်လေးကို zombie အဖြစ်ပြန်အသက်သွင်းဖို့လုပ်နေ‌တုန်း Rea Sanka လို့ခေါ်တဲ့ သူဌေးမလေးနဲ့ဆုံခဲ့ကြပါတယ်။ Rea ဟာ သူ့ဘ၀ရဲ့‌ဖိအားတွေအကြောင်း Chihiro ကိုဖွင့်ပြောပြတဲ့အခါကြ Chihiro လည်း သူဟာ သူကြောင်လေးကို Zombie အဖြစ်ပြန်အသက်သွင်းဖို့ ကြိုးစားနေတာဖြစ်ကြောင်း နှစ်ယောက်သားအပြန်အလှန်ပြောပြခဲ့ကြပါတယ်။
နောက်ဆုံးကြ Rea တို့ မိသားစုဥယျာဉ်က အဆိပ်သင့်ပန်းကျေးဇူးနဲ့ သူ့အားထုတ်မှုဟာအောင်မြင်သွားခဲ့ပါတယ်။ ဆေးရည်ရဲ့အောင်မြင်နိုင်နှုန်းကိုရေရေရာရာမသိပေမယ့်လည်း ဘ၀ရဲ့ဝန်ထုပ်ဝန်ပိုးတွေကနေလွတ်မြောက်နိုင်ဖို့ရာ သေရင်ပြီးရောဆိုပြီး Rea တစ်ယောက် ဆေးရည်ကိုသောက်ချ‌ပစ်လိုက်ပါတယ်။ ဆေးရည်ဟာသူ့အသက်ကိုမနှုတ်ယူခဲ့ပေမယ့် မတော်တဆမှုတစ်ခုကြောင့် သေဆုံးခဲ့ပြီးတဲ့နောက်မှာတော့ Rea တစ်ယောက် zombie အဖြစ် ပြန်လည်မွေးဖွားလာခဲ့ပါတော့တယ်။ Zombie ချစ်သူလိုချင်နေတဲ့ကောင်လေးနဲ့ အမှန်တကယ် Zombie ဖြစ်သွားတဲ့ကောင်မလေးတို့ ဘာဆက်ဖြစ်ကြမှာလဲဆိုတာကို ဒီစီးရီးလေးမှာဆက်လက်ကြည့်ရှုပေးကြပါ။
ဒီဇာတ်လမ်းရဲ့ art style က တစ်ချို့လူတွေနဲ့အသားမကျတဲ့ unique ပုံစံတစ်မျိုးဖြစ်နေပေမယ့်လည်း ပေါ့ပေါးပါးပါးလေးနဲ့တစ်မျိုးတစ်ဖုံစိတ်အပန်းပြေစေပြီးတော့၊ Rea လေးကချစ်ဖို့ကောင်းတာမို့ art style ရဲ့ unique ဖြစ်မှုလေးကို Ignore လုပ်ပြီး ‌အားပေးကြပါဦးဗျ။ ဒီကားလေးကိုတော့ တစ်ရက်တစ်ပိုင်းနဲ့ ကျွန်တော်တို့ page ကနေပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုပေးကြပါဦးဗျ။
 
 Download Links [ YoteShin Drive ]
 
 
 
 



 
 

1 Comments